ရဲရင့်ကမ္ဘာ

субота, 30 серпня 2014 р.

Опубліковано Unknown о 09:08 Немає коментарів:
Надіслати електронною поштоюОпублікувати в блозіПоділитися в XОпублікувати у FacebookПоділитися в Pinterest

ကဗျာ

ကဗျာချစ်သူ


ButtonBeats.com

Monday, September 19, 2011

ထာဝရ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

ထာဝရ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

အိပ်မက်စမ်းချောင်း၊
ဖြတ်သန်းစီးဆဲ၊ စူးရဲဖြာကျ၊
ဘဝနေပူ၊ စုပ်ယူခန်းခြောက်၊
စမ်းရေပျောက်၏။
ဆုံစည်းမှုပန်းငုံ၊
ထုံမည်ပွင့်ဆဲ၊ မုန်တိုင်းထဲမှာ
အလွှာလေကြမ်း၊ ဝှေ့ယမ်းခြွေချ၊
ပန်းကြွေကျ၏။
သမုဒယအမြစ်၊
သူ့ မှသူ့  ဆိုတဲ့ “အချစ်”၊
နှစ်လကြာရှည်၊ ရာသီများစွာ၊
ဘယ်သူမှ လာမနှုတ်၊
အလွမ်းသမုဒ္ဒရာလဲ၊
စမ်းမဟုတ်ပါဘဲ၊
အစဉ်အမြဲနေ၊ သခင်ခွဲပေမယ့်၊
ရင်ထဲထာဝရရှိနေသည်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 5:53 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

အပြောင်းအလဲ – မောင်စိန်ဝင်း ( ပုတီးကုန်း ) Buzz

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်ြးွေကမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ဝိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။
ဪသာ် နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ။
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ၊
ဘဝဆိုတာ ဒါပဲ ခင်။
မောင်စိန်ဝင်း ( ပုတီးကုန်း )
Posted by တောင်တမန်နယ်စား at 5:52 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

အချစ်ဦး – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 5:48 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

မာယာမိုး – မောင်စိန်ဝင်း(ပုတီးကုန်း) Buzz

ပြိုမယောင်၊
ဟိုတောင်ကမိုး …. ။
လေအဝှေ့မှာတော့၊
ရေငွေ့တွေ ဘယ်ဆီတိမ်းပါလို့၊
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ၊
ဝေဒနာပူ ပူသရွေ့ကို
ကွယ် ………………..
သူမေ့မှာစိုး ………………….။
မောင်စိန်ဝင်း(ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 5:46 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

လှေပေါ်မှာ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

တစ်သက်မဝေးအောင်လို့၊
ငှက်ကလေးတွေ အစာကျွေး၊
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။
မွေးနေ့ဆို ဘုရားတက်၊
ရေသက်စေ့ ဘုရားလှူ၊
မီးပူဇော် ပန်းတွေကပ်၊
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။
တကယ်ပေါင်းဖို့ကျတော့၊
တပေါင်းမှာလဲ မထူး၊
တန်ခူးလဲ မဖြစ်၊
တစ်နှစ်က တစ်နှစ်လက်ကမ်း၊
ချစ်သက်တမ်းရှည်သမျှ၊
တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်၊
တစ်အိုးတစ်အိမ်ရယ်လို့တော့၊
မထူထောင်ဖြစ်။
တစ်ယောက်လုပ်ခ၊
နှစ်ယောက်လုပ်ခ၊
ဘယ်လောက်ဒုက္ခတွေကိုငြိမ်းအေး၊
စားဝတ်နေရေးကို ဘယ်လောက်ကူ၊
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုံး၊
ကုန်ဈေးနှုန်း အဲဒီပင်လယ်မှာ၊
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်၊
သတ္တိကြောင် သောကအတွေးတွေနဲ့၊
ဝေးကြတဲ့နှစ်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 5:39 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

အခါလွန်မိုး – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

ဘဝအဖော်မဖြစ်ပေမယ့်
ခဏအပျော် ချစ်မဟုတ်ခဲ့ပါ…။
မာနာသိက္ခာ အရှုံးထား
နှလုံးသားမှာ ကဗ္ဗည်းထိုး
မြတ်နိုးတွယ်တာ…။
မခေါ်သင့်ပါဘူး
မျှော်လင့်လျှင် မျှော်သူအမှားရယ်လို့
ကိုယ့်တရားနဲ့ ကိုယ်ဖြေကာ
ဝေဒနာက မြှားလိုစူး…။
သူသိမှာလား
အပူရှိသူ ဘယ်လိုမောတယ်လို့
ဘယ်လိုပြော၊ဘယ်လိုကြည့်
ဘယ်လိုထိ၊ဘယ်လိုတွေ့
သူ့ကိုယ်ငွေ့မှာ ကိုယ်ပျော်ဝင်
သူ့ဆံပင်မှာ မျက်နှာအပ်
တစ်သက်တာ အမှတ်တရတွေထင်…ထင်ပါရဲ့
ရင်…ရင်မှာ သမုဒယ ဆူးတွေကြောင့်…
(အချစ်ရယ်…)
အခုဘဝတော့ရူး…။
မောင်စိန်ဝင်း (ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 5:38 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

လွမ်းစံပယ် – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

တကယ်မဝေးပေမယ့်၊
စံပယ်လေးတွေ ခြောက်ပြီလေ …. ။
မခေါ်သာအတွေ့ခက်၊
နေ့ရက်တာရှည် … ။
ပွင့်သစ်တို့ တဝေဝေ၊
ပွင့်ြွေကတို့ တဖွေးဖွေး … ။
အသက်တမျှချစ်ပါရဲ့၊
လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့၊
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း၊
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့၊
အမှတ်တရကွယ် ခြေရာချန်သလား၊
ဝေဒနာကျန် တမြည့်မြည့်အဆွေးတွေနဲ့၊
မရေရာပြန် တစေ့စေ့တွေးတော့မှ၊
(အချစ်ရယ် … ) တနေ့ထက်တနေ့ ဝေး … ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 5:23 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

တစ်ခါတုန်းက နေရာဟောင်း – မောင်စိန်ဝင်း(ပုတီးကုန်း) Share Buzz

အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်၊
အပေါ်မျက်နှာ၊ ဆီငွေ့ဖြာတင်း၊
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်၊
နေ့ရက်များစွာ၊ အနာဂတ်လေ၊
မရေရာလည်း၊ ဝမ်းမနည်းသေး၊
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ၊
ကာလလေးတွေ။
အင်းလျားရတနာ၊ မာလာသီရိ၊
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်၊
စိတ်စက်မငြိမ်၊ ပါလာချိန်တို့၊
ညှို့ယူဖမ်းစား၊ ညနေများစွာ၊
“မြနန္ဒာ”…
ဂီတာ တယော၊ လွမ်းမောနွဲ့လျ၊
မြို့မတေးသွား၊ စည်းဝါးသံစဉ်၊
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်၊
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်၊
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်၊
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ၊
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား၊
ညများအသင်္ချေ။
ကျန်ခဲ့ပြီလေ၊
ဖိတ်စင်ကြေမွ၊ ပြန်မရတော့၊
ညများနေ့များ၊ စားဝတ်နေမှု၊
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို၊
တစ်ခါရောက်တယ် သူငယ်ချင်း …။
မောင်စိန်ဝင်း(ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 5:22 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

သမုဒယကျောင်း


Buzz

အတူဆုံ၊
တစ်အူတုံ တစ်ကယ်မဆင်းကြပေမယ့်၊
သူငယ်ချင်းဘဝနဲ့၊
ငယ်စာရင်းက … အတန်းဖေါ်။
ပြန်မလွမ်းပြီလား၊
ကျောင်းခန်းမှာ စာအတူသင်၊
ကျောင်းပြင်မှာ စာအတူကျက်၊
ရည်ရွယ်ချက်တွေ အစပျိုးရင်း၊
“ဘဝပျိုးခင်း” ဆိုတဲ့ သည်ကျောင်းတော်။
သည်ကျောင်းမှာ ဘဝကိုစ၊
သည်ကျောင်းမှာ ဘဝကို ထုဆစ်၊
နုမျစ်သူတွေပုံလောင်း၊
လောကရဲ့ကောင်းကျိုး
“အကောင်း” … “အဆိုး” … “ဓမ္မ” .. “အဓမ္မ” .. ဝေခွဲ၊
အနေရဲစို့ … မှန်းရည်မျှော်၊
တစ်လမ်းစီနော် …
(ကြီးတော့) … တို့တတွေကွဲ။
ဆရာ၊ ဆရာမတွေနဲ့၊
တခါကတပည့်တွေ ကံမကုန်လို့၊
ပြန်အဆုံ ပျော်စရာကြီးပေပဲ၊
တပည့်တွေလဲ (လည်း) ဆံပင်ဖြူ၊
အသွင်မတူ ဇရာဖက်၊
အသက်တွေ အရွယ်ရပေမယ့်၊
ငယ်ဘဝ စာသင်ခန်းကို၊
ဘာမြင်မြင် အကုန်လွမ်းတာပဲ၊
ခုံတန်းမှာ ငယ်အရိပ်တွေက၊
ငယ်စိတ်ဝင် အမှတ်တရတွေနဲ့၊
ဖြတ်မရအောင် … အခုဘဝ .. အနုသယ … ဝဲမှာ၊
(သူငယ်ချင်းရယ် …) သမုဒယနဲ့စွဲ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 5:18 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

Thursday, August 5, 2010

ခရီးသည် – မောင်စိန်ဝင်း(ပုတီးကုန်)Buzz

ကုလားအုပ်တစ်ကောင်ဟာ
သူ့ဘို့ထဲမှာ
ရေတွေကို သိုလှောင်ပြီး
ကန္တာရခရီးကို သွားနေတယ်။
လူတစ်ယောက်ဟာ
သူ့ရင်ထဲမှာ
အကြင်နာနဲ့ နားလည်မှုတွေကိုသိမ်းဆည်းပြီး
ခွဲခွာခြင်းခရီးကို စနေတယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)
Posted by တောင်တမန်နယ်စား at 7:49 AM 0 comments
Email This BlogThis! Share to Twitter Share to Facebook
Labels: ကဗျာ

လူ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz

ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ်
လောဘသတ်ခိုက် ………
ရှေ့မှာတပွင့်၊ လွယ်လင့်တကူ
ယူ၍ရခိုက်၊ ခူးလိုက်မိပြန် …………….
ပြန်မှပြန်မှ၊ သတိရနေ
ခြေကမလှည့်၊ တည့်တည့်စိုက်စိုက်
လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး
ခူးပြီးတစ်ရာ၊ အခွင့်သာခိုက်
ရရာအားလုံးဆွတ်ချင်သူ….
လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ်
စိတ်မတင်းတိမ်၊ အိမ်မပြန်သေး
ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ
မက်မောနေပြန်၊ လှည့်မပြန်မိ….
ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း
တစ်ယောက်ထဲသာ သောက်ချင်သည် ………
မောင်စိန်ဝင်း (ပုတီးကုန်း)
Posted by ko naing at 7:54 AM
Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest
Labels: ကဗျာ

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

တီးချင်တာတီးလို့ ရတယ် ဒီပုံအောက်က Buttonbeast.com လေးကိုနှိပ်ဝင်လိုက်ပါ


ButtonBeats.com

photo


Share this!

လာေ၇ာက်လည်ပတ်သူများ

ONLINE COUNTER

VISITOR COUNTER

မလေးစံတော်ချိန်

Labels

  • photo (41)
  • video (1)
  • ကဗျာ (86)
  • ထူးဆန်းသောပုံများ (5)
  • ဓါတ်ပုံလင့်  (1)
  • နည်းပညာ (5)
  • နည်းပညာ၂ (6)
  • နားဆင်ရန် Flash သီချင်းများ (1)
  • ဗဟုသုတ (2)
  • ဟာသ (3)
  • မြန်မာမော်ဒယ် (17)
  • ၀တ္ထုတို (4) (8)

Search This Blog


Subscribe To

Posts
Comments

Popular Posts

  • ၁၅. ငါနားလည်တဲ့ ....အချစ် ( ကဗျာ )
    ၁၅. ငါနားလည်တဲ့ ....အချစ် ( ကဗျာ ) စွန်တစ်ကောင်လို လွင့်မျောနေတဲ့ ငါရဲ့စိတ်ကို မင်းရဲ့အချစ် .... ကြိုးစလေးနဲ့ ချည်နှောင်လိုက်မယ်ဆိုရ...
  • ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါသည်
     ဒီ video သည် ညစ်ညံ့ video မဟုတ်ပါ  မှတ်ချက်  18နှစ်မပြည့်သူမကြည့် ရ....
  • မြန်မာမော်ဒယ်
    yanmar Model Nwe Nwe Tun's Sexy Outdoor Fashion Photos Email This BlogThis! Share to Twitter Share to Facebook Share to Goog...
  • (no title)
    Myanmar SEXY Celebrities: Moe Hay Ko, Chan Chan, Moe Yu San Myanmar Leading Actor and Model: Moe Yu San and Moe Hay Ko Moe Hay ...
  • မြန်မာမော်ဒယ်
    Melody in a Mini Skirt Posted by Admin at Saturday, October 16, 2010 16 Oct Melody in a Mini Skirt photo album. 3 more photos i...
  • အေသင်ချိုဆွေ ပါ။
    Myanmar Popular Singer: A Thin Cho Swe's Outdoor fashion Myanmar Popular Singer: A Thin Cho Swe's Outdoor fashion Myanmar...
  • (no title)
    ဒီဇင်ဘာလ (၂၁) ရက်နေ့က ရန်ကုန်၊ Strand Hotel မှာ ကျင်းပခဲ့တဲ့   DOZO Fashion Design Technical School 22nd Anniversary - Fashion Show ...
  • မြန်မာမော်ဒယ်
    Bobby Soxer aka Htet Htet - Outdoor Fashion Posted by Admin at Sunday, August 14, 2011 14 Aug Bobby Soxer aka Htet Ht...
  • ထာဝရ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz
    ထာဝရ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz ...
  • မြန်မာမော်ဒယ်
    June 5, 2011 Myanmar Girl: Mable Soe's Beautiful Fashion Photos Email This BlogThis! Share to Twitter Share to Facebook S...

အဖြူေ၇ာင်သံဇဉ်

  • http://www.apytz.org/radio/
  • တောင်တမန်နယ်စား

Subscribe To

Posts
Comments

About Me

My Photo
ko naing
View my complete profile

Blog Archive

  • ►  2013 (13)
  • ►  2012 (52)
  • ▼  2011 (136)
    • ►  December (10)
    • ►  November (2)
    • ►  October (4)
    • ▼  September (31)
      • လေဟာဉ် မတော်တဆ(Airplane accidents)
      • ရှာပါးသော မြန်မာ့ဓာတ်ပုံများ
      • ထာဝရ – မောင်စိန်ဝင်း (ပုတီးကုန်း) Buzz
      • စိတ်အမော ဘ၀အမောတွေပြေစေဖို့
      • ထူးဆန်းသောသတ္တ၀ါ လူပျံတော် Mothman
      • တီး၂
      • နောက်တစ်မျိုးတီးအုံးမလား
      • တီးမယ်ကလိမယ်
      • မယုံနိုင်ဖွယ်ရာ ရေပန်းပေါ်မှကား
      • မ (သို့ ) သူမ ရင်ခွင်ကြားမှာ ပျောက်ဆုံးခဲ့ရတဲ့ ပျေ...
      • လွမ်းနေခွင့်
      • ညီမလေးရေ...မိုးတွေသည်းနေတယ်
      • သားပိုက်ကောင်ကိုမြိုတဲ့မြွေ
      • ထူထူဆန်းဆန်းအဆောက်အအုံ
      • ကမ္ဘာပေါ်မှာရှိတဲ့အလှဆုံးနေရာတွေ
      • ရှေးဟောင်းသတ္တ၀ါကြီးများ
      • Lovey Lovey Lovey ရဲ့ အကြိုက်ဆုံး အသုံးအဆောင်များ
      • နဒီဝင့်နိုင်ရဲ့ အကြိုက်ဆုံး အသုံးအဆောင်များ
      • သြဂုတ်လအတွက် အကောင်းဆုံး ရင်တွင်းဖြစ် ကဗျာများ
      • နှလုံးသားပန်းချီ
      • ကျနော်ချစ်သူပေးသောကဗျာ
      • တောင်းဆုကြွေ.......
      • ပန်းစကား
      • လှပသောကောင်းကင်
      • myanmar model
      • Eaindra Kyaw Zin
      • myanmar model
      • ချစ်သူ
      • ကမ္ဘာသစ်
      • ဘ၀ထဲကအလှစေတနာ
      • စေတနာအလှနှင့်တာဝန်
    • ►  August (89)

Followers

Опубліковано Unknown о 09:04 Немає коментарів:
Надіслати електронною поштоюОпублікувати в блозіПоділитися в XОпублікувати у FacebookПоділитися в Pinterest
Мітки: ကဗျာ

ကဗျာ

တကယ်မဝေးပေမယ့်၊
စံပယ်လေးတွေ ခြောက်ပြီလေ …. ။
မခေါ်သာအတွေ့ခက်၊
နေ့ရက်တာရှည် … ။
ပွင့်သစ်တို့ တဝေဝေ၊
ပွင့်ြွေကတို့ တဖွေးဖွေး … ။
အသက်တမျှချစ်ပါရဲ့၊
လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့၊
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း၊
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့၊
အမှတ်တရကွယ် ခြေရာချန်သလား၊
ဝေဒနာကျန် တမြည့်မြည့်အဆွေးတွေနဲ့၊
မရေရာပြန် တစေ့စေ့တွေးတော့မှ၊
(အချစ်ရယ် … ) တနေ့ထက်တနေ့ ဝေး … ။ ။
Опубліковано Unknown о 09:02 Немає коментарів:
Надіслати електронною поштоюОпублікувати в блозіПоділитися в XОпублікувати у FacebookПоділитися в Pinterest

သတင်းစုံ

Screen reader users, click here to turn off Google Instant.
About 5,350 results (0.32 seconds) 

Search Results

  1. ဇင် မင်း ဇင်မင်းထွန်း | Facebook

    https://www.facebook.com/zin.tun.581
    ဇင် မင်း ဇင်မင်းထွန်း is on Facebook. Join Facebook to connect with ဇင် မင်း ဇင်မင်းထွန်း and others you may know. Facebook gives ...
    You've visited this page 2 times. Last visit: 6/26/14
  2. ဇင်မင်းထွန်း(အမရပူရ) | Facebook

    https://www.facebook.com/.../ဇင်မင်းထွန်းအမရပူရ/20816...
    ဇင်မင်းထွန်း(အမရပူရ)'s photo. ဆောင်းရာသီ. ဇင်မင်းထွန်း(အမရပူရ)'s photo. Posts To Page. Be the first to post on this Page. Write Post.
    You visited this page on 7/28/14.
  3. ဇင်မင်းထွန်း (အမရပူရ)ဆိုဒ်သို့ ...

    thapyaypin.wordpress.com/.../ဇင်မင်းထွန်း-အမရပူရဆို/
    May 8, 2012 - title=”ဇင်မင်းထွန်း (အမရပူရ)ဆိုဒ်သို့”>ဇင်မင်းထွန်း (အမရပူရ)ဆိုဒ်သို့. <div style=”text-align: center;”><a ...
    You've visited this page 2 times. Last visit: 7/19/14
  4. စောရန်နိင်သူငယ်ချင်း | သူရဲတကောင်

    thuyeantakung.blogspot.com/2013/02/blog-post_23.html
    Feb 23, 2013 - Nov 5, 2011. ဇင်မင်းထွန်း left a comment for ခင်နှင်းရီ ... ခင်နှင်းရီ and ဇင်မင်းထွန်း are now friends. Oct 3, 2011.
    You visited this page.
  5. သတင်းစုံ (update news)

    zmtnews.blogspot.com/
    ဆိုက်သို့ ဇင်မင်းထွန်း(အမရပူရ)..ဆိုက်သို့ ဇင်မင်းထွန်း(အမရပူရ)မာတီပလိုင်း...ဆိုက်သို့> ဓမ္မအလင်းရောင်.
  6. ဇင်မင်းထွန်း အမရပူရ - Google+

    https://plus.google.com/103988014317589415965
    ဇင်မင်းထွန်း အမရပူရ hasn't shared anything on this page with you.
  7. ဇင်မင်းထွန်း အမရပူရ - Videos - Google+

    https://plus.google.com/103988014317589415965/videos
    ဇင်မင်းထွန်း အမရပူရ hasn't shared anything on this page with you.

  8. Images for ဇင်မင်းထွန်းReport images
    • Image result for ဇင်မင်းထွန်း
    • Image result for ဇင်မင်းထွန်း
    • Image result for ဇင်မင်းထွန်း
    • Image result for ဇင်မင်းထွန်း
    • Image result for ဇင်မင်းထွန်း
    More images for ဇင်မင်းထွန်း

  9. zin ဇင်မင်းထွန်း | LinkedIn

    www.linkedin.com/pub/zin-ဇင်မင်းထွန်း/61/446/a25
    Myanmar - ‎--
    LinkedIn is the world's largest business network, helping professionals like zin ဇင်မင်းထွန်း discover inside connections to recommended job candidates, ...
  10. Blogger: User Profile: ဇင်မင်းထွန်း(အမရပူရ)

    https://www.blogger.com/profile/00481184034233967160
    ဇင်မင်းထွန်း(အမရပူရ). My Photo · View Full Size. On Blogger since May 2011. Profile views - 757. My blogs. THA ZIN MANDALAY SLIPPERS ...


12345678910Next
Unknown - Use precise location
 - Learn more   
Help Send feedback Privacy & Terms
Опубліковано Unknown о 08:07 1 коментар:
Надіслати електронною поштоюОпублікувати в блозіПоділитися в XОпублікувати у FacebookПоділитися в Pinterest
Мітки: သတင်းစုံ
Новіші публікації Головна сторінка
Підписатися на: Дописи (Atom)

ရဲရင့်ကမ္ဘာ

Unknown
Дивитися мій повний профіль

Архів блогу

  • ▼  2014 (6)
    • ►  жовтня (2)
    • ▼  серпня (4)
      • Без назви
      • ကဗျာ
      • ကဗျာ
      • သတင်းစုံ
Тема "Водяний знак". На платформі Blogger.